The Speaking Flower
A flower grew on tropical soil its petals waxen white, its centre crimson; the people knelt and smelt her intoxicating fragrance and then felt mysteriously - free.
Soon the flower was transplanted onto yonder shores, it blossomed, sprouted limbs, swaying in the wind, it breathed the breeze of liberty.
One day, the flower returned; striking her origina soil her clours ignited; from her petals crimson rose enflamed: ‘even the searing heat cannot erase the blood on the street.’
White simply said: ‘I am truth; how long will they use brute force to besmirch me?’
The people in the tropical garden hailed the speaking flower, but the dour vines choked and encompassed it, till it was no longer free.
It plucked the flower and placed it in a throttled bottle-neck vase and here the flower remained, for eleven years seven months and twenty-seven days.
It did not wilt, it did not stint its words.
Its green stalk spoke: ‘stem the politics of hate we will forever commemorate the martyrs of eight, eight, eighty-eight.’ No one could silence the speaking flowe!
The vines called her ‘foreign’ certain her luminosity would irradiate the soil; they did everything to foil her speech. But to the people in the tropical garden by Inya Lake, she was simply, Aung San Suu Kyi - the daughter of democracy.
June 19, 2007 Sagari Chhabra
(celebrating Aung San Suu Kyi’s 62nd birthday while still in captivity)
uprising of 8.8.88 when thousands were gunned down by the military. |
စကားပြောသောပန်း
+ အပူပိုင်းဇုံမြေလွှာပေါ်မှာ ပန်းတပွင့်ပေါက်ခဲ့ရ သူ့ပွင့်ဖတ်တွေက ဖယောင်းသားနုနု အဖြူရောင်၊ အလယ်မှာက ရှက်သွေးဖြာကျ ကြက်သွေးရောင်၊ သူငါအများတွေ ဦးညွတ် ဒူးကွေး၊ ယစ်မူးဘွယ် သူ့သင်းရနံ့ကို ရှူရှိုက်၊ အဆန်းတကြယ် ခံစားလိုက်ကြ--- လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး။
+ မကြာခင်မှာဘဲ ပန်းပွင့်ကလေး ရွှေ့ပြောင်းစိုက်ပျိုးခံရ ပင်လယ်ကမ်းခြေများရဲ့ ဟိုမှာဘက်။ ပွင့်လန်း ဆန့်ထွက် အညွန့်အတက် အခက်အလက်၊ လေအလာမှာ တယိမ်းယိမ်း တနွဲ့နွဲ့၊ လွတ်လပ်ခြင်း လေညှင်းသွဲ့သွဲ့--- ရှူသွင်းရှိုက်သက်။
+ တနေ့သောအခါမှာ-----ပန်းကလေးပြန်လှည့်လာ၊ သူ့ဇာတိမြေပေါ်က သပိတ်မှောက်ဆန္ဒပြရိုက်ပုတ်ချက် သူ့အရောင်အသွေးများစွာ မီးလောင်လျက်၊ သူ့ကြက်သွေးရောင် နှင်းဆီပွင့်ဖတ်များမှ ထွက်တဲ့မီးလျှံများ။ “လမ်းမပေါ်ကသွေးတွေကို ခြောက်သွေ့တဲ့အပူက မချေဖျက်နိုင်သေးသော်ငြား” ။
ဖြူစင်စွာ ရိုးရိုးရှင်းရှင်း ပြောခဲ့ “ငါဟာ အမှန်တရား၊ သူတို့ဘယ်လောက်ကြာကြာများ ငါ့ကိုစွန်းထင်းညစ်ပေသွားအောင် ရိုင်းစိုင်းရက်စက်တဲ့တပ်တွေ သုံးနေနိုင်မှာလဲ”
+ အပူပိုင်းဇုံ ပန်းခြံထဲက ပြည်သူလူထုအများက စကားပြောတဲ့ပန်းကို ကြိုဆိုနှုတ်ခွန်းဆက်။ ဒါပေမဲ့ ခက်ထန်မာကြောတဲ့ ခြုံပုတ်တွေက သူ့ကို ပိတ်ဆို့ဝန်းရံ ဆီးတားခဲ့ကြ၊ ကြာကြာလေးတောင် လွတ်လွတ်လပ်လပ် မရှိပါလား။
+ ဒင်းတို့က ပန်းကိုခူးခြွေနှုတ်ယူပြီး လည်ပင်းရှည် ပုလင်းပန်းအိုးထဲ။ ဇွတ်အတင်း ဖျစ်ညှစ် သွတ်သွင်းထည့် အကြာကြီးထား။ ၁၁-နှစ်၊ ၇-လနဲ့ ၂၇ ကြာရှည်ရက်များ။
+ သူကတော့---မညှိုးခဲ့၊ မခွေခဲ့၊ သူ့စကားလုံးများကိုလဲ မချွေတာ မကန့်သတ်ခဲ့။
+ သူ့ရဲ့ အစိမ်းရောင်ရိုးတံက စကားထပြော "နိုင်ငံရေးအမုန်းတရားများကို တားဆီးကြ" "၈-ရက်၊ ၈-လ၊ ၈၈ အာဇာနည်များကို တို့အားလုံး ထာဝရ အမှတ်ရ ဂုဏ်ပြုကြ" စကားပြောတဲ့ပန်းကို ဘယ်သူမှ တိတ်ဆိတ်သွားအောင် မလုပ်နိုင်ပါဘူး။
+ ခြုံပုတ်တွေက သူ့ကို "နိုင်ငံခြားဖြစ်"တဲ့ သေချာတာကတော့ သူ့ရဲ့ထွန်းလင်းတောက်ပ ထင်ရှားခြင်းက မြေလွှာတခုလုံးကို ထွန်းလင်းတောက်ပ ထင်ရှားစေတာပါဘဲ၊ သူ့မိန့်ခွန်းစကားတွေ ပျက်ပြားစေဘို့ သူတို့က အရာရာကိုပြုလုပ်ခဲ့ကြ။ ဒါပေမဲ့ အင်းလျားကန်နားကနေ အပူပိုင်းဇုံ ပန်းခြံထဲက ပြည်သူလူထုအများစုဆီကိုဖြင့်။ သူမသည် ရိုးသားရှင်းလင်း အပြစ်ကင်းသည်၊ ဒီမိုကရေစီရဲ့ သမီးပျို-----၊ အောင်ဆန်းစုကြည်။ ။
ဇွန် ၁၉၊ ၂၀၀၇။ စာဂရီ ချဟဘရ (ဒေါ်အောင်ဆန်းစုကြည်၏ ၆၂-နှစ်မြောက်မွေးနေ့ ကျရောက် ချိန်တွင် မလွတ်မလပ် အကျဉ်းကျနေဆဲဖြစ်သည်)
++ ၈-၈-၈၈ အရေးအခင်း၌ ထောင်ပေါင်းများစွာသော ပြည်သူ လူထုကို စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
၆-၁၀-၂၀၀၇ ကမ္ဘာ
|
0 comments:
Post a Comment